စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး



မ​ကွေးတိုင်းရှိ ငဖဲ-စေတုတ္တရာကားလမ်းတလျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်နီးကပ်စွာရှိမနေရန်အပါ အဝင်ဒေသနေပြည်သူများရှောင်ရန် အချက်များကိုလူထုတော်လှန်ရေးမဟာမိတ် (PRA) က ယနေ့ ထုတ်ပြန်သည်။ 

စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်နေဆဲဖြစ် သည်ဟု PRAက ဆိုသည်။ 


ယခုနှိုးဆော်မှုများအား လိုက်နာခြင်းဖြင့် အာဏာ ရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ လူထုတိုက်ပွဲတွင် ပါဝင်အားဖြည့်ပေးကြရန် PRAက တိုက်တွန်းသည်။ 

လက်ရှိကာလသည် စစ်ကောင်စီတပ်များမှ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြင်း၊ ဒေသတွင်း ခရီးသွားများကို အနိုင်ကျင့် ငွေညှစ်ခြင်းနှင့် ပစ္စည်းများသိမ်းယူခြင်း၊အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်းစသည့် ဖိနှိပ်ညှင်းပမ်းမှုများနေရာအနှံ့တွင် ပြုလုပ်နေကြောင်း၊ စေတုတ္တရာ မြို့ နယ်ကင်ပွန်းချုံရွာထိပ်၊ ငဖဲ- စေတုတ္တရာလမ်းတွင်လည်း ခရီးသွားဆိုင်ကယ်များကို ဖမ်းဆီးထိန်းသိမ်း ခြင်း၊ သက္ကယ်ကျင်း ရွာခံများ၏ ဖုန်းများကို သိမ်းခြင်း၊ ဒေသခံများကို မိုင်းကွင်းများသို့ ဖြတ်စေခြင်း စသော လူမဆန်သည့် လုပ်ရပ်များကို ဆက်တိုက်ပြုလုပ်လာနေသည်ဟု  PRAက ထုတ်ပြန်သည်။


People's Spring 

စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး စေတုတ္တရာနှင့် ငဖဲနယ်တွင် စစ်ဆိုင်ထားဆဲဖြစ်၍ စစ်ကောင်စီတပ်နှင့် နီးကပ်စွာမနေရန် PRA သတိ​ပေး Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.