ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဟု PR ထုတ်ပြန်

  (စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်လည်ဘူးမြို့ ဒေသခံများ ချီတက်လှည့်လည်ဆန္ဒပြနေသည်ကို ‌ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက တွေ့ရစဥ်၊ ဓာတ်ပုံ - Naing Zin Lat)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိ ၂ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ကြောင်းပင်လယ်ဘူး​တော်လှန်​ရေး (Pinlebu Revolution-PR)က သတင်းထုတ်ပြန်သည်။

ပင်လယ်ဘူး​တော်လှန်​ရေး- PR ​ဖေစ်ဘွခ် စာမျက်နှာသည် ပင်လယ်ဘူး မြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီကို ​တော်လှန်​​သောသတင်းများ၊ဆက်စပ်သတင်းများကို ပုံမှန်ထုတ်ပြန်​နေ​သော စာမျက်နှာ ဖြစ်သည်။

ဇန်နဝါရီ ၁၈ရက်က ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး ၆ဦးကိုအရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

 အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး P R တိုက်ပွဲအကျဉ်းကို ယနေ့ ထုတ်ပြန်ရာ “ သတင်းကောင်းကတော့ ပင်လည်ဘူးမြို့ စခ၊ ရခများနေထိုင်ရာ မြို့ပေါ်ခွေးစခန်းတိုက်ပွဲတွင် စခအကောင်ကြီး အမြီးရှည် ၂ကောင်ဂန့်ပီး၊ နောက်လိုက် စခ အကောင်(၂၀) ထက်မနည်း ဂန့်သည်ဟု သိရှိရပါသည်။ စိတ်မကောင်းစရာ သတင်းကတော့ ကျနော့်တို့ ရဲဘော်နှစ်ယောက်နှင့် လဲလိုက်ရတယ်။ မတန်လွန်းပါဘူးဗျာ။ ကျန်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိကြပေမယ့် အားလုံးအဆင်ပြေနေပါပြီ" ဟု ဖော်ပြထားသည်။

ဇန်နဝါရီ ၁၈က ပင်လယ်ဘူး မြို့တွင် နံနက်အ​စောမှစ၍ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ​သေဆုံး၊ ဒဏ်ရာရရှိသူများပြားပြီး အထိ့နာသဖြင့် ​လေ​ကြောင်းမှ အကူ​ပေးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲမှာ နာရီ​ပေါင်းများစွာကြာခဲ့သည်။

စစ်ကောင်စီတပ်များသည် ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့် အကျင့်ဆိုး သန္ဓေဆိုး ရှိနေ၍ မြို့နေပြည်သူများ မြို့ပေါ်မှ တိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ နေအိမ်အချို့၊ ဆေးဆိုင်၊ ကုန်စုံဆိုင် တို့ကို ဖောက်ထွန်းပြီး ၎င်းတို့ လိုချင်သည်များကို ယူဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအပြင် စစ်​ကောင်စီတပ်က အထိ့နာပြီး​နောက် ယခုရက်ပိုင်းအတွင် စစ​ကောင်စီတပ်သားများ ၊လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ​လေယာဥ်ဖြင့် ထပ်မံပို့​ပေး​နေ​ကြောင်းလည်း ​PR က​ဖော်ပြထာသည်။

“တိုက်ပွဲများလေး ပြည်သူတွေရဲ့ထောက်ပံ့မှု၊ ကူညီဖေးမမှုဟာလည်း လိုကိုလိုအပ်လာပါတယ်။ဒါကြောင့်မို့ ကျနော်ပင်လည်ဘူးကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ” ဟုလည်း PRကဖော်ပြထားသည်။


People's Spring 

ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဟု PR ထုတ်ပြန် ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဟု PR ထုတ်ပြန် Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.