စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန်


ဇန်နဝါရီ ၂၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကူညီပေးသည့် မည်သည့်ယာဥ်မျိုးကိုမဆို အရေးယူတော့မည်ဖြစ်ကြောင်း ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ရေဦးမြို့နယ် သရက်ပင်ရွာ၌  ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပို့ဆောင်ပေးခဲ့သော ပုညကုသလနာရေးအသင်းအား စတင်သတိပေးလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကတော့ စပြီး သတိပေးလိုက်ပြီ။ သတိပေးတာ သူတို့ အဖွဲ့တစ်ဖွဲ့ထဲကို မဟုတ်ဘူး။ စစ်ခွေးတွေကို မျက်နှာလိုက်ပြီး ကူညီချင်နေတဲ့သူတွေပါ တစ်ခါတည်း သတိပေးလိုက်တာ” ဟု ရေဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရေဦးမြို့နယ်ရှိ ပုညကုသလလူမှုရေးအသင်းမှာလည်း ၎င်းတို့အား အမည်မသိဖုန်းနံပါတ် တစ်လုံးမှ ဖုန်းဆက်လာ၍ သွားရောက် ခေါ်ယူရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ကို မနက် ၈ နာရီလောက်မှာ ဖုန်းစိမ်းတစ်လုံး ဆက်လာတယ်။ ဒီမှာ အမောဖောက်နေတဲ့ လူနာတစ်ယောက်ကို လာကြိုပေးပါဆိုပြီး ဖုန်းဆက်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ သွားကြိုတယ်။ သွားကြိုတာ မတွေ့တော့ ပြန်လှည့်ပြန်လာတယ်။ ဒုတိယအကြိမ် ထပ်ပြီး ဖုန်းဆက်ခေါ်တယ်။ ကျွန်တော်တို့ ထပ်ပြီး သွားတယ်။ အဲဒီနေရာကို ရောက်မှ သိတယ်။ ကျွန်တော်တို့ လာကြိုတဲ့သူတွေက စစ်ကောင်စီမှန်း” ဟု ပုညကုသလလူမှုကူညီရေးအသင်း၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ရေးဦးမြို့နယ် သရက်ပင်ရွာ၌ သွားရောက်ခေါ်ဆောင်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်တွင် ရွာသစ်ကုန်းရွာနား၌ မိုင်းဆွဲခံထားရသူများဖြစ်သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရသည့်ထဲတွင်  ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကူညီပေးသည့် မည်သည့် ယာဥ်မျိုးကိုမဆို အရေးယူမည်ဟု ရေဦး PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.