အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ


အင်းတော်၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြိုနယ်၌ PDF အယောင်ဆောင် ငွေကြေးကောက်ခံနေသည့် ပျုစောထီးတပ်ဖွဲဝင် (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု အင်းတော်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ(၂၄) ရက်က  အင်းတော်မြိုနယ်၊ စက်တောကုန်းကျေးရွာအနီး လက်နက်ကိုင်လူတစ်စုမှ အချိန်လွန်ခရီးသွားယာဉ်များကို PDF အမည်ခံ၍ အဓမ္မငွေကြေးကောက်ခံနေကြောင်း သတင်းရသည့်အတွက် အင်းတော် PDF က သွားစစ်ဆေးစဉ် ပျုစောထီး(၄) ဦး အနက် (၂) ဦးကို သက်သေခံပစ္စည်းများနှင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခရီးသည်တင်ယာဉ်များကို PDF အမည်ခံပြီး ငွေကြေးကောက်ခံနေသည့်အတွက် ဖော်ထုတ်‌အရေးယူသွားမည်ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး (၅) ရက်အကြာ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စုံစမ်းမှုများအရ အင်းတော်မြိုနယ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေး ပျုစောထီးတပ်ဖွဲဝင်များကို သိရှိခဲ့ပြီး ထိ‌ရောက်သည့်အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသည့် ပျုစောထီး (၂) ဦးကို ကသာခရိုင် PDF ထံ လွှဲပြောင်းအပ်နှံထားပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Lu Nge Khit

အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ အင်းတော်၌ PDF အယောင်ဆောင်ငွေကောက်နေသည့် ပျူစောထီး (၂) ဦးကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.