PDF ကိုဝိုင်းဖမ်းပေးခဲ့သည့် ကျောင်းကုန်းမြို့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးကို တိုင်းစစ်ကောင်စီက ဆုငွေ သိန်း ၃၀ ပေး ( ခေါင်းကြီးပိုင်းနာရေးသတင်းစဉ်အတွက် နေရာယူခြင်း)


 ဇန်နဝါရီ ၁၂ရက်

PDF ကို ဝိုင်းဝန်းဖမ်းဆီး​ပေးခဲ့သည့် ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ ဆပ်ကွင်းရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ဝင် ခင်လပြည့်ဝန်း (ခ)လဝန်း ဆိုသူအမျိုးသမီးကို  ဧရာဝတီတိုင်းစစ်ကောင်စီက ဇန်နဝါရီ ၁၁ ရက်တွင် ဂုဏ်ပြုဆုငွေ သိန်း ၃၀ ပေးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ကျောင်းကုန်းမြို့ ဆပ်ကွင်းရပ်ကွက်စစ်ကောင်စီ သတင်း ပေး(ဒလန်) သီဟဇော် လျှပ်စစ်ပစ္စည်းဆိုင်နေအိမ်သို့ ဇန်နဝါရီ ၁၀ ရက်ညပိုင်းက ဝင် ရောက် ဗုံးပစ်သည်ဟုဆိုသူ လူငယ်နှစ်ဦးအား  အဆိုပါအမျိုးသမီးအပါအဝင် ကြံ့ခိုင်ရေးပါတီဝင်အချို့မှ ဝိုင်းဝန်း ရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး  မခင်လပြည့်ဝန်း (ခ) လဝန်းဆိုက ရိုက်နှက်ဖမ်း ဆီး နေမှုအား ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် လိုက်ဖ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

'' အဲ့ဒီလိုက်ဖ်လွှင့်တဲ့မိန်းမက သူလည်း ကြံခိုင်ရေးက စစ်ကောင်စီ သတင်းပေးဘဲ။ အဲဒီညကဘာမှန်းမသိဘူး လူတွေ အုပ်စုလိုက်အော်သံကြားတော့ ထွက်ကြည့်တဲ့အခါမှာ ကောင်လေးနှစ်ယောက်ကိုဝိုင်းရိုက်ထားကြတာ။ မဘသ အဖွဲ့ဝင်တွေနဲ့ ကြံ့ခိုင်ရေး ပါတီကလူတွေ ခုဖြစ်တဲ့အနားက အစိမ်းတွေကြီးဘဲ။ ဘာမှန်းမသိပေမဲ့ကောင်လေးနှစ်ယောက်ကတော့ မသေယုံတမယ် ဝိုင်းရိုက်နှက်ထားကြတာ။အဲ့လိုဖမ်းပေးနိုင်လို့ဆိုပြီးသူတို့အဖွဲ့ကို တိုင်းစစ်ကောင်စီက အခမ်းအနားနဲ့ သိန်း ၃၀ ဆုပေးတယ်။'' ဟု ကျောင်းကုန်းမြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီဒေါက်တိုင် အများအပြားရှိနေပြီး စစ်ကောင်စီက ၄င်းတို့၏ဒေါက်တိုင်များကိုယခုကဲ့သို့ မြင်သာစွာ ဆုငွေချီးမြှင့်ခြင်းများအပြင် အခြားနည်းလမ်းများဖြင့်လည်း ငွေ ကြေးထောက်ပံ့မှုများရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရသိရသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်များက အပြစ်မဲ့ဒေသခံများကိုလည်း PDFနှင့်ပတ်သက် သည်ဟု စွပ်စွဲကာ ထင်သလိုဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ဒေသခံများကဆိုသည်။



Ayeyarwaddy Times 

PDF ကိုဝိုင်းဖမ်းပေးခဲ့သည့် ကျောင်းကုန်းမြို့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးကို တိုင်းစစ်ကောင်စီက ဆုငွေ သိန်း ၃၀ ပေး ( ခေါင်းကြီးပိုင်းနာရေးသတင်းစဉ်အတွက် နေရာယူခြင်း) PDF ကိုဝိုင်းဖမ်းပေးခဲ့သည့် ကျောင်းကုန်းမြို့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးကို တိုင်းစစ်ကောင်စီက ဆုငွေ သိန်း ၃၀ ပေး ( ခေါင်းကြီးပိုင်းနာရေးသတင်းစဉ်အတွက် နေရာယူခြင်း) Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.