ပခုက္ကူ PDF က အကြမ်းဖက်စစ်ကောင်စီ ၁၀၁ တပ်တွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်


ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PPDF က  ပခုက္ကူမြို့ အကြမ်းဖက်စစ်ကောင်စီ တပ်မ (၁၀၁)အတွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် ည ၈နာရီချိန်ခန့်တွင် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF ၏ မြေပြင် တိုက်ခိုက်ရေးအဖွဲ့‌ခေါင်းဆောင် ဗိုလ်သိင်္ခနှင့်အဖွဲ့၀င်များသည် ပခုက္ကူမြို့ရှိ တပ်မ(၁၀၁)အတွင်းသို့ ရှော့ဒုံး ၂ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအား ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပျက်စီးထိခိုက်မှုအခြေအနေအားစုံစမ်းနိုင်ခြင်းမရှိသေးဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သံလွင်ခက် - Than Lwin Khet News

ပခုက္ကူ PDF က အကြမ်းဖက်စစ်ကောင်စီ ၁၀၁ တပ်တွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် ပခုက္ကူ PDF က အကြမ်းဖက်စစ်ကောင်စီ ၁၀၁ တပ်တွင်းသို့ ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 17:39 Rating: 5

No comments:

Powered by Blogger.