စစ်ကောင်စီ သင်္ဘော (၂) စီးကို မြို့လှ PDF ယနေ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေများ ထိခိုက်မှုရှိနိုင်

ဓာတ်ပုံ - ဇန်နဝါရီ (၄) ရက်နေ့က ဆန်တက်လာသည့် သင်္ဘော (၂) စီးကို ကသာမြို့၌ တွေ့ရစဉ်

မြို့လှ၊ ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောနှစ်စီးကို ယနေ့ ဇန်နဝါရီ (၁၅) ရက်နေ့လယ်ပိုင်းတွင် မြို့လှ PDF ကစောင့်ကြို တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ 

ပုံညာသင်္ဘောနှင့် ပြဒါးရှင်သင်္ဘောနှစ်စီးကို စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဆင်ကုန်တိုင်ရွာအနီးမှ စောင့်ကြိုတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် တရစပ်ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါသင်္ဘောနှစ်စီးသည် စုန်ဆင်းလာစဉ် မြစ်ကမ်းပါးတစ်လျှောက်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သေးသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယနေ့ နံနက် (၇) နာရီအချိန်ကလည်း မြို့လှ PDF နှင့် KIA ပူး ပေါင်းတပ်ဖွဲ့တို့က အစုန်သင်္ဘောကို လုံခြုံရေးယူထားသော စစ်ကောင်းစီတပ်ရင်း (၁၂၁)ကို ချောင်းဝရွာအနီး စောင့်ကြိုတိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အမြောက်အမြား ထိခိုက်မှုရှိနိုင်ပြီး မြို့လှ PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ တိုက်ခိုက်ခံရသည့် သင်္ဘော (၂) စီးသည် ဇန်နဝါရီ (၁) ရက်နေ့က မန္တလေးမြို့မှ ဆန်တက်လာပြီး ယနေ့ ပြန်စုန်ဆင်းလာခြင်းဖြစ်သည်။


Lu Nge Khit

စစ်ကောင်စီ သင်္ဘော (၂) စီးကို မြို့လှ PDF ယနေ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေများ ထိခိုက်မှုရှိနိုင် စစ်ကောင်စီ သင်္ဘော (၂) စီးကို မြို့လှ PDF ယနေ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်ပါးစေများ ထိခိုက်မှုရှိနိုင် Reviewed by THITHTOOLWIN on 20:10 Rating: 5

No comments:

Powered by Blogger.