ရွှေဘိုမှာ မီတာကြေးလာကောက်တဲ့ စစ်ယာဥ်တန်းကို PDF က မိုင်း ၉ လုံးနဲ့ တိုက်ခိုက်



ရွှေဘို၊ ဇန်နဝါရီ ၅၊ ၂၀၂၂။ 

ရွှေဘိုမြို့နယ်အတွင်း မီတာကြေးလာကောက်တဲ့ စစ်ကောင်စီယာဥ်တန်း ဇန်နဝါရီ ၅ ရက်၊ ဒီနေ့နေ့လည် ၁၂ ခွဲလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။  

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကို လာတဲ့ အဲ့ဒီ စစ်ယာဥ်တန်း ၃ စီးကို ရွှေဘို - ဆိပ်ခွန် - မူးကမ်း ကားလမ်းပေါ်မှာ စုစုပေါင်း မိုင်း ၉လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  SNAKE EYES-PDF ရဲ့ တာဝန်ခံက ပြောပါတယ်။ 

“ကား ၃ စီးလာတာ၊ ခွေးဘီလူး ၁ စီး နဲ့ 4 wheels ၂ စီးပါ၊ ခွေးဘီးလူးကားထဲမှာတော့ အင်အား ၆ ယောက်ပါတယ်၊ ကျန်တဲ့ကားတွေကတော့ မှန်ပိတ်ထားတော့ မတွေ့လိုက်ရဘူး၊ ရှေ့ထွက် မိုင်း ၃ လုံးနဲ့ ပဒေသာမိုင်း ၆ လုံး ခွဲလိုက်တာ “ လို့ သူကပြောပါတယ်။ 

ဒီဖောက်ခွဲမှုကို  SNAKE EYES-PDF၊ C&T(Shwebo) နဲ့ SHWEBO GHOSTS တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ပေါက်ကွဲမှုကြောင့်  စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူရှိမရှိကိုတော့ မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁ နာရီကလည်း  SNAKE EYES-PDF  နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး ရွှေဘို - ဆိပ်ခွန် - မူးကမ်း  လမ်းကိုဖြတ်လာတဲ့ စစ်ကောင်စီ ဆိုင်ကယ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ 

မြေလတ်အသံ - Myaelatt Athan 



ရွှေဘိုမှာ မီတာကြေးလာကောက်တဲ့ စစ်ယာဥ်တန်းကို PDF က မိုင်း ၉ လုံးနဲ့ တိုက်ခိုက် ရွှေဘိုမှာ မီတာကြေးလာကောက်တဲ့ စစ်ယာဥ်တန်းကို PDF က မိုင်း ၉ လုံးနဲ့ တိုက်ခိုက် Reviewed by THITHTOOLWIN on 17:21 Rating: 5

No comments:

Powered by Blogger.