တနင်္သာရီမြို့နယ် တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ အပြန်အလှန်ပစ်ခတ်

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၀ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က တကူရွာမှာ ဒီနေ့ညနေက စစ်ကောင်စီတပ်တွေနဲ့ PDFတပ်တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

ဒီနေ့ ညနေ ၅ နာရီ ၁၅ မိနစ်မှာ တကူသံတိုက်ကမ်းနားက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တနင်္သာရီမြစ်တစ်ဖက်ကမ်းက PDF တပ်သားတွေ တိုက်ပွဲ ဆယ်မိနစ်ဝန်းကျင်ကြာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၆ ချက်ပစ်ခတ်ခဲ့တယ်လို့ တကူဒေသခံတစ်ဦးကပြောပါတယ်။ 

တကူရွာမှာ ဒီနေ့ မွန့်လွဲ တစ်နာရီခွဲဝန်းကျင်က ကင်းထောက်လေယာဥ်တစ်စီးလည်းပျံဝဲခဲ့တယ်လို့ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တကူရွာမှာ ရွာသားတွေကိုဖမ်းပြီး လူသားဒိုင်းပုံစံအသုံးပြုကာ PDF တွေကိုတောနင်းရှာဖွေတာတွေ၊ ဥယျာဥ်ခြံတွေထဲက တဲအိမ်တွေကိုဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။

The Tanintharyi Times

တနင်္သာရီမြို့နယ် တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ အပြန်အလှန်ပစ်ခတ် တနင်္သာရီမြို့နယ် တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေ အပြန်အလှန်ပစ်ခတ် Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.