မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ် PDF များ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၄) ဦး နေရာတွင်သေဆုံးပြီး (၂၀) ဝန်းကျင်ဒဏ်ရာရ


ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ  ထွက်ခွာလာသော အင်အား (၅၀) ခန့်သည် တမဆေးကန်ရွာ၌ ညအိပ်တပ်စွဲ၍ ပြန်လည်ထွက်ခွာလာရာ နဘက်တာတစ်နေရာတွင် 27 Revolution Forces (မြင်းခြံ)၊ Myaung Special People's Defense Force – MSPDF၊ Myaung Generation Guerilla Force (MGGF) ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား မိုင်း (၃)လုံးခွဲ၍ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

" ထိုစစ်ဆင်ရေးတွင် ဖရဲသီးများပေါက်ကွဲ၍ ဖရဲစိများသည် စခအင်အား(၅၀)စစ်ကြောင်း အလယ်ဗဟိုအား ထိမှန်ပြီး ခွေး(၄)ကောင် နေရာတွင်ပင် ငိုက်ကနဲလဲကျသွားပြီး ကျန်ခွေးများ မှောက်ရက်ပက်လက်ကျ အနေအထားများဖြင့် လဲကျကာ ဒဏ်ရာအပြင်းအထန် (၂၀) ဝန်းကျင်ခန့် ဖြင့် ကျေးရွာတစ်ရွာတွင် ကုသနေကြောင်း၊ခွေးအလောင်းများကို ဆွဲ၍ တစ်နေရာတွင် မြုပ်ထားခဲ့ကြောင်း သတင်းရရှိထားသည် " ဟု 27 Revolution Forces က ထုတ်ပြန်သည်။

ထပ်မံ၍ စစ်ကောင်စီဘက်မှ အကျအဆုံးများ ရှိနိုင်သေးကြောင်း သိရသည်။


PDF Newsflash

မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ် PDF များ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၄) ဦး နေရာတွင်သေဆုံးပြီး (၂၀) ဝန်းကျင်ဒဏ်ရာရ မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မဟာမိတ် PDF များ ပူးပေါင်းတိုက်ခိုက်ရာ စကစတပ်သား (၄) ဦး နေရာတွင်သေဆုံးပြီး (၂၀) ဝန်းကျင်ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.