ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့

ယင်းမာပင်၊ ဇန်နဝါရီ ၁၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်မားပင်မြို့နယ်ရဲစခန်းမှာ ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၅ ဦးကို ဇန်နဝါရီ ၁၁ ရက် မနေ့က ညပိုင်းမှာ ကယ်ထုတ်လာခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။  

အဲ့ဒီရဲစခန်းကို မနေ့က ည ၇ နာရီခွဲလောက်ကတည်းက လက်နက်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၈ နာရီလောက်မှာ ကယ်ထုတ်လာနိုင်ခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ တာဝန်ခံက ပြောပါတယ်။ 

"၁၁ ရက်နေ့ညမှာ ၇ နာရီခွဲ လောက်မှာပဲပြီး လက်နက်ကြီးနဲ့ ပစ်တယ်။ ဗိုလ်သူရိန်အဖွဲ့ရယ်၊ ဟီးရိုးတိုက်ဂါးရယ် ကနီခေါင်းဆောင်၊ ဗိုလ်နဂါးတို့လည်းပါတယ်။ ၈ နာရီလောက်မှာ ဖမ်းချုပ်ခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်" လို့ သူက ပြောပါတယ်။

ဒီလုပ်ဆောင်ချက်ကို  ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ Pale People's Defence Force PPDF၊ Hero Tiger Force တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်ညကလည်း အဲ့ဒီရဲစခန်းကိုပဲ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့  ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ ရဲစခန်းမှာ ဖမ်းထားတဲ့ ပြည်သူ ၅ ဦးကို PDF ၃ ဖွဲ့ ပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 17:46 Rating: 5

No comments:

Powered by Blogger.