မကွေးတိုင်းအတွင်း ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF တို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား


မကွေးတိုင်းအတွင်း ကျေးရွာများအထိ စစ်ကြောင်းထိုးကာ နေအိမ်များကို ဖျက်ဆီးပြီး ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်(ထဘီ)အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF သို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားကြောင်း ကျောက်ထု PDF က ယနေ့ ဇန်နဝါရီလ(၂၅) ရက်တွင် သတင်း ထုတ်ပြန်လာသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်သည် ဇန်နဝါရီ (၂၂)ရက်က ကြီးကျေးရွာအတွင်း ဝင်ရောက်ကာ ခိုးဆိုး ဖျက်ဆီး၍ ရွှေအောင်သာဘက်သို့ ပြန်လည်ထွက်ခွာပြီး ကြီးရွာနှင့်ရွှေအောင်သာရွာအကြားတွင် တပ်စွဲညအိပ်စဉ် ကျောက်ထု PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၂၃)ရက်တွင်လည်း ရွှေအောင်သာရွာသို့ သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ကျောက်ထု PDF မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ 

ဇန်နဝါရီ (၂၃)ရက်နေ့ ညတွင် ကြီးကျေးရွာ၌ ဆန်များကို ဖျက်ဆီးခြင်း၊ ဆိုင်ကယ်များကို ခိုးခြင်းတို့ ပြုလုပ်ကာ ဇန်နဝါရီ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ထုဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်‌ကောင်စီတပ်အား လမ်းပိုင်းနေရာ (၄)နေရာတွင် ကျောက်ထု PDF မှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ (၂၄)ရက်နေ့ ညတွင် မိအယ်ကျေးရွာမှ ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်(ထဘီ)အဆုံး ခိုးယူကာ ဇန်နဝါရီ (၂၅)ရက်၊ နေ့လယ်ပိုင်းတွင် ကျောက်ထုသို့ ပြန်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်အား ကျောက်ထု PDF မှ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြန်ရာ စစ်ကောင်စီတပ်သား သေဆုံးနှင့်ဒဏ်ရာရသူ များကြောင်း  ကျောက်ထု PDF သတင်းထုတ်ပြန်ထားရှိသည်။


Tachileik News Agency 

မကွေးတိုင်းအတွင်း ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF တို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား မကွေးတိုင်းအတွင်း  ကြက်၊ ဆီ၊ ဆန်၊ ဆား၊ ငါးပိ၊ ငရုတ်၊ ကြက်သွန်မှအစ အမျိုးသမီးလုံချည်အဆုံး လှည့်ပတ်ခိုးယူနေသည့် စစ်ကောင်စီ တပ်နှင့် ကျောက်ထု PDF တို့ (၄)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.