တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး

( ရုပ်သံဖိုင် ဟိုပင်-PDF )

ကချင်ပြည်နယ်မိုးညှင်းမြို့မှ မိုးကောင်းမြို့သို့ တက်လာသည့် တင့်ကားများပါဝင်​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)က ယ​နေ့

 တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း PDF(ဟိုပင်) ကထုတ်ပြန်သည်။

 ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက် ၁၁ နာရီခန့်တွင် တင့်ကားပါသည့် စစ်ယာဉ်တန်းကို ငါးမိုင်နှင့် ကြာကြီးကွင်း တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။သို့​သော် PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟိုပင် PDFက ထုတ်ပြန်သည်။

 ယမန်နေ့ကလည်း မိုးညှင်းနှင့် အင်းတော်မြို့နယ်တို့တွင်  စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်တို့က ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များနိုင်သည်ဟု သိ့ရသည်။


People's Spring 

တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 00:42 Rating: 5

No comments:

Powered by Blogger.