မြိုင်မြို့နယ်ထဲက ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ


ဇန်နဝါရီ ၃၀ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရဲစခန်းကို ရေစကြို၊ မြိုင်နဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပြီး ၁ နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့တယ်လို့ ရေစကြို PDF က မနေ့ ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။

ပုသိမ်မုံရွာ လမ်းဆုံမှာရှိတဲ့ ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲတွေ ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးရမိခဲ့ပေမဲ့ ပြည်သူလူထုဘက် ရပ်တည်ကြဖို့ မှာကြားပြီး လွှတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဘက်က G-3 ၅ လက်၊ ကျည် (၄၀၀)၊ အူစီ ၃ လက်၊ ကျည် (၂၀၀)၊ ခြောက်လုံးပြူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ Laptop ၂ လုံး၊ Printer ၁ လုံး၊ ဆိုင်ကယ် ၄ စီးနဲ့ တခြား စစ်ဘက်အသုံးဆောင် အပါအဝင် စာရင်းဇယားတွေ သိမ်းဆည်းရမိခဲ့လို့ ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

မြိုင်မြို့နယ်ထဲက ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ မြိုင်မြို့နယ်ထဲက ရဲစခန်းတစ်ခုကို PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 22:20 Rating: 5

No comments:

Powered by Blogger.