ဒဏ်ရာရရှိသော ရဲဘော် (၂) ဦးအား အကြမ်းဖက်စစ်ကောင်စီလက်မှ ဝင်ရောက်ကယ်ထုတ်ရင်း ဒီးမော့ဆို PDF မှ အသက် (၂၁) အရွယ် လူငယ်တစ်ဦးကျဆုံး
ဇန်နဝါရီ ၁၄
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တပ်ဖွဲ့က ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော ရဲဘော် (၂) ဦးအား ဝင်ရောက်ကယ်ဆယ်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စနိုက်ဘာလက်ချက်ကြောင့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် ရဲဘော် မောင်အယ်လ်ဖောင်းရှို အသက်(၂၁)နှစ်သည် ဇန်နဝါရီလ(၁၃)ရက်နေ့ မွန်းလွှဲ ၃ နာရီအချိန်တွင် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့ကြောင်း ဒီးမော့ဆို PDF ကထုတ်ပြန်သည်။
တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုအပေါ် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး ဒီးမော့ဆို PDF မှ ပြည်သူ့သူရဲကောင်းအဖြစ် အလေးနီပြု မှတ်တမ်းတင်အပ်ကြောင်း ဝမ်းနည်းစွာဖြင့် ထုတ်ပြန်သည်။
PDF Newsflash
No comments:
Post a Comment