ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်များ ထိခိုက်ကျဆုံးမှုများဟု လွိုင်ကော် PDF ထုတ်ပြန်
ဇန်နဝါရီလ ၂၈ရက်တွင် ကျောင်းကုန်းရွာနှင့် ကုန်းဆွတ်ကျေးရွာ အနီး စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီ အကြမ်းဖက် ၁၅၀ ခန့် နှင့် ပြည်သူ့တပ်များထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
လွိုင်ကော် PDF ၏ တပ်ခွဲ (၅) နှင့် KNDF တို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ညနေ ၃ နာရီ ဝန်းကျင်ခန့်မှ စ တင်ဖြစ်ပွားကာ ၃ နာရီ ၄၅ မိနစ်ခန့်ထိ ကြာမြင့်ခဲ့သည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့ဝင်များ အလစ်အငိုက် အတိုက်ခိုက်ခံလိုက်ရပြီး ထိခိုက်ကျဆုံးမှုများကြောင်း လွိုင်ကော် PDF ၏ မြေပြင်ရဲဘော်များမှ အတည်ပြု ပြောကြားသည်။
သို့ကြောင့် အချိန် ညနေ ၅ နာရီ ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ jet fighter လေယာဉ် (၂) စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
မိမိတို့ ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း မိဘပြည်သူတို့အား အသိပေး သတင်းထုတ်ပြန်အပ်ပါသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် - လွိုင်ကော် ကထုတ်ပြန်ထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment