စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ရေယာဥ်များအား PDF တိုက်ခိုက်၍ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)


ဇန်နဝါရီ ၂၇ ရက်

ယနေ့မနက်ပိုင်းက ချင်းတွင်းမြစ်ကြောင်းအတွင်း မြွေပိုင်းတောင်အနီးတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ရေယာဥ်များအား PDF တိုက်ခိုက်၍ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DRPA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို DRPA ၊KGF၊KPDF၊Chindwin Dragon၊ရွှေတြိဂံနှင့် ကိုလမင်းအဖွဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ပါဝင်ခဲ့ပြီး "ကျနော်တို့ ပစ်နေရင်းနဲ့ မျက်စိရှေ့တင် မြစ်ထဲ ပြုတ်ကျသွားတဲ့ စစ်သားတွေ အများကြီးပဲ"ဟု တိုက်ပွဲတွင်းရဲဘော်တစ်ဦး၏ ပြောဆိုချက်အား ကိုးကား၍ DRPA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - DRPA


Ayeyarwaddy Times 

စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ရေယာဥ်များအား PDF တိုက်ခိုက်၍ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ရေယာဥ်များအား PDF တိုက်ခိုက်၍ စစ်သား ၁၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.