PDFများကို ဖမ်းပေးလျှင် ငွေပေးမည်ဟု ပြောဆိုစည်းရုံးနေသူ ဝမ်းတွင်း ကျောက်အိုးရွာမှ အမျိုးသားကို ရှင်းလင်းခဲ့ဟုဆို၊


ဇန်နဝါရီ - ၁၇

PDFများအား ဖမ်းဆီးပေးပါက ငွေကျပ်သုံးသိန်း ပေးမည်ဟု ပြောဆိုစည်းရုံးနေသူ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကျောက်အိုးကျေးရွာမှ အမျိုးသားတစ်ဦးကို  ယနေ့ ဇန်နဝါရီ(၁၇)ရက် ညပိုင်းတွင် သုတ်သင် ရှင်းလင်းခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် ပြည်သူကာကွယ်ရေး အင်အားစု (WTRF) က သတင်းထုတ်ပြန်သည်။

"ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု ကျောက်အိုးကျေးရွာနေ စကစ သတင်းပေး ဒလံ ဇော်ဇော်သည် ကျေးရွာအတွင်း နေထိုင်သော ပြည်သူများအား စခ/ရခများ ခေါ်ယူပြီး ဖမ်းဆီးခိုင်းခြင်း၊ PDF များ ဖမ်းဆီးပေးပါက  သုံးသိန်း ပေးမည်ဟု စည်းရုံးပြောဆိုခြင်း၊ တောယာ လုပ်ကိုင်နေသော လူငယ်များအား PDF ဟူ၍ စွပ်စွဲကာ ဖမ်းဆီးခိုင်းသဖြင့် WTRF မှ  လုပ်သင့်တာ လုပ်ခဲ့ပါတယ်" ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းက ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာအများအပြားသို့ စီးနင်းဝင်ရောက် မွှေနှောက်ကာ နေအိမ်များကို ဖျက်ဆီးခြင်းနှင့် ဒေသခံ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ စစ်ကောင်စီက ဒေသခံများကို တင်တိုင်းကျဲ စွပ်စွဲဖမ်းဆီး ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလပိုင်းအတွင်း ဝမ်းတွင်းမြို့နယ်၌ စစ်ကောင်စီ သတင်းပေး၊ ဒလန် ဆိုသူများ မကြာခဏ အသတ်ခံနေရသည်။


Mandalay Free Press - MFP

PDFများကို ဖမ်းပေးလျှင် ငွေပေးမည်ဟု ပြောဆိုစည်းရုံးနေသူ ဝမ်းတွင်း ကျောက်အိုးရွာမှ အမျိုးသားကို ရှင်းလင်းခဲ့ဟုဆို၊ PDFများကို ဖမ်းပေးလျှင် ငွေပေးမည်ဟု ပြောဆိုစည်းရုံးနေသူ ဝမ်းတွင်း ကျောက်အိုးရွာမှ အမျိုးသားကို ရှင်းလင်းခဲ့ဟုဆို၊ Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.