တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မက သေဆုံးပြီး PDF ၂ ယောက်ကျဆုံး

ပုံ- အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်း ထောင်မှူးနဲ့ ဇနီး

January 10, 2022 by Zalen Media

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အုတ်ဖိုကန်ဘောင် အကျဉ်းရဲဘက်စခန်းကို ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၅ နာရီတွင် PDF-Tamu တပ်ရင်း-၁ တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူး ဦးအောင်ကျော်ဆန်း၊ ထောင်မှူးဇနီး အပါအဝင် ၄ ယောက်မက သေဆုံးသွားတယ်လို့ PDF-Tamu တပ်ရင်း-၁ထံက သတင်းရရှိထားပါတယ်။

PDF-Tamu တပ်ရင်း-၁ ဘက်က ရဲဘော် ၂ ယောက်ကျဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိကာ သေနတ် ၃ လက်ကျန်ရစ်ခဲ့တယ်လို့သိရတယ်။

PDF-Tamu တပ်ရင်း-၁ က တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက “ပထမဆုံး ထောင်မှူးအိမ်ကို ဝင်စီးပြီး ထောင်မှူးကို သေနတ်ထောက်ပြီးမှ လက်အောက်ငယ်သားကို လက်နက်ချဖို့စည်းရုံးတယ်။ လက်နက်ချပေးပါ။ ခင်ဗျားတို့ကိုဘာမှမလုပ်ဘူး။ ကျနော်တို့လိုချင်တာရရင် ပြန်ထွက်သွားမယ်လို့ပြောတဲ့ချိန်မှာ ရဲဘော်တွေကတော့ လက်နက်ချဖို့ထွက်လာကြတယ်။ အဲ့ချိန်မှာ ထောင်မှူးက မင်းတို့ မသေမချင်းလက်နက်မချရဘူးဆိုပြီးထအော်တဲ့ချိန်မှာ ထောင်မှူးကိုလည်းပစ်သတ်တော့ တခါထဲ တိုက်ပွဲဖြစ်တယ်။ အဲ့ချိန်မှာ ထောင်မှူးကတော်က ပစ္စတိုနဲ့လှမ်းပစ်တဲ့ချိန်မှာ သူ့ကိုပါပစ်လိုက်ရတာပေါ့။ အဲ့လိုနဲ့တိုက်ပွဲစဖြစ်တော့တာ။ ကျေးရွာသားပြောတာကတော့ ပထမဆုံး မနက် ၆ နာရီမှာနာရေးကားရောက်လာတယ်။ ပြီးတော့ နာရေးကား ၂ စီးထပ်ရောက်လာတယ်။ ဒါကြောင့် ၄ ယောက်ထက်မက သေဆုံးမှုရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။ ကျနော်တို့ဘက်ကတော့ ၁ ယောက်အလောင်းမကောက်လိုက်ရဘူး။ တစ်ယောက်က သယ်ရင်းနဲ့လမ်းတဝက်မှာကျဆုံးသွားတယ်။ ၄ ယောက်ဒဏ်ရာရတယ်ပေါ့နော်” လို့ပြောပါတယ်။

Zalen Media




တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မက သေဆုံးပြီး PDF ၂ ယောက်ကျဆုံး တမူးမြို့နယ်က ရဲဘက်စခန်းကိုဝင်တိုက်ရာ ထောင်မှူးလင်မယားအပါအဝင် ၄ယောက်မက သေဆုံးပြီး PDF ၂ ယောက်ကျဆုံး Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.