ကျွန်းလှမြိုနယ်နှင့် တန့်ဆည်နယ်အစပ်တွင် စစ်ကောင်စီအုပ်စုအား ကျွန်းလှ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ပါသမားအပါအဝင် (၆) ဦးသေဆုံး

Photo - အကြမ်းဖက်စစ်သားများ (ပုံဟောင်း) 

ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်နှင့် တန့်ဆည်နယ်အစပ် ညောင်ကိုင်း အင်တိုင်းရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စုအား ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ကျွန်းလှ PDF မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စနိုက်ပါသမားအပါအဝင် စကစတပ်သား (၆) ဦးသေဆုံးပြီး (၂၆) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" စနိုက်ပါသမားမှာ ကျွန်းလှဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ကျန် (၅) ကောင်အလောင်းမှာ ကန့်ဘလူသို့ သယ်ဆောင်သွားကြောင်း နီးစပ်ရာမှသိရသည် " ဟု ဒေသခံသတင်းရင်းမြစ်က ထုတ်ပြန်သည်။

ထို့နောက် " အားရလိုက်တာဗျာ နဖူးတည့်တည့်မှန်လို့ ဖင်ထိုင်လဲသွားသေးတယ် " ဟု တိုက်ခိုက်ခဲ့သည့် ရဲဘော်ထံမှ ပြန်လည်သိရှိခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်က ဖော်ပြသည်။


PDF Newsflash

ကျွန်းလှမြိုနယ်နှင့် တန့်ဆည်နယ်အစပ်တွင် စစ်ကောင်စီအုပ်စုအား ကျွန်းလှ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ပါသမားအပါအဝင် (၆) ဦးသေဆုံး ကျွန်းလှမြိုနယ်နှင့် တန့်ဆည်နယ်အစပ်တွင် စစ်ကောင်စီအုပ်စုအား ကျွန်းလှ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စနိုက်ပါသမားအပါအဝင် (၆) ဦးသေဆုံး Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.