ပုလဲမြို့နယ်မှလာသော စကစယာဉ်တန်းအား PDF များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စကစတပ်သား (၅၂) ဦးသေဆုံး


ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှထွက်ခွာလာသော အင်အားအပြည့်ဖြင့် ကား (၃၈) စီးပါ စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့က သရက်ကန်ရွာကြားအရောက်တွင် PDF များမှ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးခါးပြတ်ထွက်သွားပြီး တပ်ကြပ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား (၂၀) ခန့် သေဆုံးခဲ့ကြောင်းသိရသည်။

ထို့နောက် ညပိုင်းတွင် သရက်ကန်ရွာ၌ တပ်စွဲထားပြီး ယနေ့ နံနက် ၇ နာရီတွင် စတင်ထွက်လာရာ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာ လျှော်ဖြူ ခြံ အရောက်တွင် မိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သား (၃၂) ဦး ထပ်မံသေဆုံးသွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု ကထုတ်ပြန်သည်။


PDF Newsflash

ပုလဲမြို့နယ်မှလာသော စကစယာဉ်တန်းအား PDF များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စကစတပ်သား (၅၂) ဦးသေဆုံး ပုလဲမြို့နယ်မှလာသော စကစယာဉ်တန်းအား PDF များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စကစတပ်သား (၅၂) ဦးသေဆုံး Reviewed by THITHTOOLWIN on 00:37 Rating: 5

No comments:

Powered by Blogger.