ပုလဲ PDF ဗိုလ်နဂါးတို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှုမရှိ

ပုလဲ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၂။

ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးတို့ အစည်းအဝေးလုပ်နေတဲ့ ‌နေရာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လေယာဉ် ၃ စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

၂ စင်းက စစ်အင်အား လာချခဲ့တာဖြစ်ပြီး ၁ စင်းကတော့ ဖိုက်တာလေယာဉ်ဖြစ်ပြီး အစည်းအဝေးနေရာ ပတ်ပတ်လည်ကိုပစ်သွားခဲ့တာဖြစ်တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့တာဝန်ခံက ပြောပါတယ်။

"ခုနေတော့ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘူး၊ ကိုယ်တို့က သတင်းကြိုပေးလိုက်နိုင်တဲ့ အတွက် သူတို့နည်းနည်းလေး ရှောင်သာတယ်၊ ဟုတ်တယ် အားလုံးလွတ်မြောက်သွားတယ်" လို့ သူက ပြောပါတယ်။

ပထမ ၃ စင်းပြန်သွားပြီး ၁၀ မိနစ်နီးပါးအကြာမှာ နောက်ထပ် လေယာဉ် ၂ စင်းနဲ့ အင်အားထပ်လာချသွားခဲ့တာ စုစုပေါင်း အင်အား ၈၀ နီးပါးရှိခဲ့ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

"သိတဲ့ အတိုင်းပဲ ဒို့ပြည်သူတွေဆီမှာ တိုင်းရင်းသား လက်နက်ကိုင်ကြီးတွေလို လက်နက်က ရှိတာမဟုတ်ဘူး။ တူမီးပဲရှိတာ၊ တူမီးနဲ့ တိုက်နေတဲ့ သူတွေကို အဲ့လောက်ကြီး အနိုင်ကျင့်တာတော့ အရမ်းရုပ်ဆိုးသွားပြီ" လို့ ပြောပါတယ်။

နောက်ဆုံးအခြေအနေကတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဖိုက်တာလေယာဉ်တွေ ပုလဲမြို့နယ်နဲ့ မင်းတိုင်ပင်မြို့နယ် ကမ်းတောင်းရွာတွေကိုဝင်ပြီး လေယာဉ်နဲ့ ပစ်သွားခဲ့ပြီး ပုလဲနယ်ဘက်ကို ဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ပုလဲ PDF ဗိုလ်နဂါးတို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှုမရှိ ပုလဲ PDF ဗိုလ်နဂါးတို့အဖွဲ့ အစည်းအဝေးနေရာကို လေယာဉ်နဲ့ ပစ်ခံရပေမယ့် ထိခိုက်မှုမရှိ Reviewed by THITHTOOLWIN on 17:17 Rating: 5

No comments:

Powered by Blogger.