ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်သဖြင့် တပ်ရင်းမှုးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား (၁၅) ဦးသေဆုံး

ဓာတ်ပုံ- ပုံဟောင်းပြန်လည်အသုံးပြုထားသည်။

ဇန်နဝါရီ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တုံလုံ‌ ဝေမာစိုက်ခင်းရှေ့တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုတို့ကြောင့် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား(၁၅) ဦးသေဆုံးကြောင်း Eagle Army - HPDF ကထုတ်ပြန် ကြေညာသည်။

အဆိုပါတိုက်ပွဲ အတွင်း အကျဆုံးများနေသည့် စစ်ကောင်စီတပ်များဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ ထိခိုက်မှုမရှိကြောင်းနှင့်အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Eagle Army - HPDF ကထုတ်ပြန်ကြေညာသည်။

တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ တပ်ရင်းမှူးတဦအပါ အ ဝင်စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံမှုကြောင့်ကား (၃) စီးဖြင့်​ပြန်လည်ဆုတ်ခွာသွားကြောင်း " Eagles Army - HPDF ကထုတ်ပြန်ထားသည်။


Ayeyarwaddy Times

ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်သဖြင့် တပ်ရင်းမှုးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား (၁၅) ဦးသေဆုံး ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်သဖြင့် တပ်ရင်းမှုးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား (၁၅) ဦးသေဆုံး Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.