သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အသက်မပြည့်သေးတဲ့ကလေးတွေကို PDF လို့ စွပ်စွဲပြီး ဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်
ဇန်နဝါရီ ၇ ၊ ၂၀၂၂
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအတွင်းမှာ အကြမ်း ဖက်စစ်တပ်က အသက် ၁၇ နှစ်အောက် ကလေး ၃ ဦးနဲ့ အသက် ၁၉ နှစ်အရွယ် တစ်ဦး စုစုပေါင်းပြည်သူ ၄ ဦးကို PDF လို့ စွပ်စွဲပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီထံမှ သိရပါတယ်။
ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီး အသတ်ခံလိုက်ရတဲ့ လူငယ်တွေက မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် ၁၇ နှစ် နဲ့ မောင်အောင်သက်ဖြိုးအသက် ၁၉ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။
စော်ဖျားကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေစဉ် သရက်ချောင်းဘက်ကနေ စစ်ကူရောက်လာတဲ့ စစ်ကားငယ် ၂ စီးက ကင်းရှေ့ကျေး ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။
အဲဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က ကင်းရှေ့ကျေးရွာအတွင်းကို တရစပ်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ရွာသာ;တွေက ကြောက်ပြီးထွက်ပြေးချိန်မှာ အနောက်ကနေလိုက်ပစ်တာတွေကို အကြမ်း ဖက်စစ်တပ်က ပြုလုပ်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်က ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်ခံရတဲ့ လူငယ်တွေက ကင်းရှေ့ကျေးရွာမှာ ပန်းရံလုပ်နေစဉ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကျေးရွာအတွင်းဝင်ပြီး ပစ်ခတ်စဉ်မှာ ဖမ်းဆီးပြီး ပစ်သတ်ခံရတာလည်းဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေက လူငယ်တွေကို လိုက်လံပစ်ခတ်သတ်ဖြတ်မှုတွေလုပ်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
Public Voice Television
No comments:
Post a Comment