စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံအားပေးသူများကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHUPDF) အနေဖြင့် ပြည်သူများအဖြစ်သာ သက်မှတ်၍ တိုက်ခိုက်မှုမပြုခဲ့သော်လည်း ယခုအခါ အဆိုပါထောက်ခံသူများသည် ပြည်သူ့စစ်အဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်သမားအသွင်အဖြစ် ကူးပြောင်းသွားပြီး နီးစပ်ရာကျေးရွာများအတွင်းရှိ အေးချမ်းစွာနေလိုသောပြည်သူများ၊ ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကိုဖျက်ဆီးခြင်းစသော ခွင့်လွှတ်နိုင်ဖွယ်မရှိသော ရာဇဝတ်မှုများကို ဆိုးရွားစွာတရားလက်လွှတ် ကျူးလွန်လျက်ရှိကြောင်း အသိပေးထားသည်။
သို့ဖြစ်ပါ၍ ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကို အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ ယခုအချိန်မှစ၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် ပျူစောထီးအကြမ်းဖက်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြပါရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်းအခြားအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေကြသည်။
People's Spring
No comments:
Post a Comment