ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီအိမ်စီးကား၂စီးကို မြင်းခြံ PDFတပ်ပေါင်းစုများမှ မိုင်းခွဲးတိုက်ခိုက်ရာ စကစ ယာဥ်မောင်း တစ်ဦးသေဆုံး



မဲ‌ခေါင်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီဘက်မှ Pajaroကားနှင့် Honda Fit ကား ၂စီးကို ချောင်းဦးဆင်ဖြူရှင်လမ်းပိုင်း၌ PDF မဟာမိတ် (၃)ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceမှ ယနေ့ ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မူတွင် 27 Revolution Force (မြင်းခြံ)၊Myaung Special People's Defense Force (MSPDF)၊TTA ပြောက်ကျားတပ် (တောင်သာ)ညီနှောင် မဟာမိတ်၃ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီဖက်မှ Honda Fit ယာဥ်မောင်း နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ပြီး ကားပေါ်ပါ စစ်ခွေးများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း 27 Revolution Forceမှ ထုတ်ပြန်ထားသည်။

ထိုစစ်ဆင်ရေးဟာ ပြည်သူလူထုလှူထားသော အလှူငွေများဖြင့် ထုတ်လုပ်သုံးစွဲသော ဖရဲသီးများ ဖြစ်သဖြင့် အရေးတော်ပုံ အောင်နေပြီဟု 27 Revolution Forceမှ ပြောသည်။


MeKong News - မဲခေါင်သတင်း

ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီအိမ်စီးကား၂စီးကို မြင်းခြံ PDFတပ်ပေါင်းစုများမှ မိုင်းခွဲးတိုက်ခိုက်ရာ စကစ ယာဥ်မောင်း တစ်ဦးသေဆုံး ချောင်းဦးမြို့မှ ဖြတ်သန်းလာသော စစ်ကောင်စီအိမ်စီးကား၂စီးကို မြင်းခြံ PDFတပ်ပေါင်းစုများမှ မိုင်းခွဲးတိုက်ခိုက်ရာ စကစ ယာဥ်မောင်း တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.