စစ်​ကောင်စီတပ်​ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများစစ်​ရေးသတိရှိရန် PDFများသတိပေး

(ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့   ဓါတ်ပုံ-YDF)

ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားထပ်တိုးမြှင့်နေပြီး ကလေးနှင့်ထိစပ်နေသော ယောနယ်ကို  ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန်  ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။

ယနေ့(ဇန်နဝါရီ ၁၇ရက်)နေ့လယ် ၁ နာရီခန့်ကကလေးမြို့လေယာဥ်ကွင်းတွင် Mi35 နှစ်စီးနှင့်ရဟတ်ယာဥ် ၄ စီး ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာပြီးနောက်စစ်ကောင်စီတပ်သားအင်အားအများအပြား ချထားခဲ့သည်ဟု ဒေသခံများက People's Spring သို့ ပြောသည်။

ထို့​ကြောင့်စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်ရာဒေသဖြစ်သော ယောနယ်ကို ယခင်ကထက် ပြင်းထန်သော စစ်ရေးဖြင့် တိုက်ခိုက်လာမည့်အခြေအနေဟု ပြည်သူ့ကာကွယ်ရေးတပ်များက ခန့်မှန်းသည်။

"ဂန့်ဂေါနဲ့ ယောနယ်က PDF စခန်းတွေကို ဖျက်ဆီးမယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ ဒါကိုသတိကြီးကြီးထားပြီး ဖြတ်ကျော်ကြရမယ်။ ကျန်တာတော့ ကျွန်တော်တို့မပြောသေးဘူး"ဟု ယောဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယနေ့ ညနေပိုင်းတွင်ဂန့်ဂေါ-ယော-စော တလျှောက် PDF စခန်း တည်နေရာ များအား Mi35 ရဟတ်ယာဉ်ပေါ်တွင် ကစထ(၆)မှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ဗျူဟာမှူး၊ ဒကစမှူး အဖွဲ့များ ကိုယ်တိုင်လိုက်ပါပြီးလေကြောင်းမှ ပစ်ခတ်ချေမှုန်း အမိန့်ပေးစေခိုင်းလျှက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ယောနယ်သည် စစ်ကောင်စီအားခုခံတိုက်ခိုက်ရာတွင် အား​ကောင်းသည့် ဒေသဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် လက်တွဲညီညီ လှုပ်ရှားနေသည်။ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အမျိုးသမီးစစ်သည်များအပါအဝင် အင်အားနှစ်ရာကျော်ပါဝင်သည့် စစ်သင်တန်းဆင်းခဲ့သည်ဟု ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


People's Spring 

စစ်​ကောင်စီတပ်​ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများစစ်​ရေးသတိရှိရန် PDFများသတိပေး စစ်​ကောင်စီတပ်​ယောနယ်ကို ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများစစ်​ရေးသတိရှိရန် PDFများသတိပေး Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.