ပြည်သူလူထုအား အကြမ်းဖက်စစ်ကောင်စီ​၏ နှိပ်စက်သတ်ဖြတ်မှုဒဏ်မှ ကာကွယ်ရန်အတွက် ရဟန်းဘဝမှ PDF တပ်သားအဖြစ်ပြောင်းလဲလာသူ


ဇန်နဝါရီ ၂၃

အကြမ်းဖက်စစ်ကောင်စီတပ်​၏ ပြည်သူလူထုအပေါ် နှိပ်စက်သတ်ဖြတ်မှုများကို လက်ပိုက်ကြည့်မနေနိုင်တော့သဖြင့် ပြည်သူလူထုအား ကာကွယ်ပေးရန် သက်တော် ၄၅ နှစ်ရှိပြီသော ရဟန်းတစ်ပါးသည် PDF တပ်သားတစ်ယောက်အဖြစ် စဉ့်ကူး PDF ထံ ဝင်ရောက်လာကြောင်း သိရပါတယ်။

သာသနာ့ဝန်မှ ပြည်သူ့ဝန်အား ထမ်းဆောင်ရန်အတွက် မန္တလေးတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အဖွဲ့ဖြစ်သော စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း စဉ့်ကူး PDF က ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

" တိုင်းပြည်နှင့် ပြည်သူလူထုအတွက် လိုအပ်တဲ့ အချိန်မှာ မတွေမဝေ တာဝန်ထမ်းဆောင်ပေးတဲ့ ဘုန်းဘုန်းအား ပြည်သူလူထုကိုယ်စား ကျွန်ုပ်တို့ စဉ့်ကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပါ​၏ " ဟု စဉ်ကူး PDF က ဖော်ပြထားပါတယ်။


PDF Newsflash

ပြည်သူလူထုအား အကြမ်းဖက်စစ်ကောင်စီ​၏ နှိပ်စက်သတ်ဖြတ်မှုဒဏ်မှ ကာကွယ်ရန်အတွက် ရဟန်းဘဝမှ PDF တပ်သားအဖြစ်ပြောင်းလဲလာသူ ပြည်သူလူထုအား အကြမ်းဖက်စစ်ကောင်စီ​၏ နှိပ်စက်သတ်ဖြတ်မှုဒဏ်မှ ကာကွယ်ရန်အတွက် ရဟန်းဘဝမှ PDF တပ်သားအဖြစ်ပြောင်းလဲလာသူ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.