လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ်

ဓာတ်ပုံ- ယနေ့ ဝင်ရောက်စီးနင်းခံရသည့် လယ်ဇင်ရွာ PDF စခန်းတခု

မုံရွာ၊ ဇန်နဝါရီ ၂၇

မုံရွာမြို့နယ် လယ်ဇင်ရွာဘက်မှ PDF စခန်းတစ်ခုကို ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့၌ အကြမ်း ဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး  ဒေသခံရွာသား  ၆ ဦးကို ဖမ်းဆီးကာ အမည် မသိလူနှစ်ယောက်ကိုလည်း ပစ်သတ် ခဲ့ကြောင်း လယ်ဇင်ရွာဒေသခံများထံမှ သိရသည်။

"အခုသိသလောက်က ၆ ယောက် အဖမ်းခံထားရတယ်။ အဲဒီထက်လည်းများနိုင်တယ်။ နှစ်ယောက်သေဆုံးတယ် ဖမ်းခံထားရတာက ဒေသခံရွာသားတွေပါဘဲ။ ကျွန်တော်တို့ လယ်ဇင်ကပါ။ သေဆုံးတာကတော့ ဘယ်ရွာက လည်း မသိဘူး။ ပြီးတော့ လယ်ဇင် က PDF စခန်းတွေကို မီးရှို့တာ ရှိတယ်။ အဲဒီတဝိုက်ကရွာသားတွေကလည်း အခုထွက်ပြေးနေရတယ် "ဟု ထွက်ပြေးနေရသည့် လယ်ဇင်ရွာဒေသခံတစ်ဦး က လူငယ့်ခေတ်ကိုပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေအင်အား (၇၀) ခန့်ဖြင့် လယ်ဇင်ရွာဘက်ကို ယနေ့မနက် ၁၀ နာရီတွင် ဝင် ရောက်လာခြင်းဖြစ်ပြီး PDF စခန်းကို ဝင်ရောက်စီးနင်းသော်လည်း တပ်သားများကို ဖမ်းမိခြင်းမရှိကြောင်း၊ သက္ကယ်ချင်းရွာဘက်နှင့် အနီးအနားရွာများ ကိုလည်း တပ်ဖြန့်သွားမှုများရှိကြောင်း၊ အောင်သာ၊သက္ကယ်ချင်း ရွာဘက်မှ အပြစ်မဲ့ပြည်သူအချို့ ကိုလည်း ဖမ်းဆီးထားကြောင်း Monywa Roads Information- MRI မှလည်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းထဲမှာလည်း လယ်ဇင်ရွာမှ PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ  တော်လှန် ရေးရဲဘော် ကျဆုံးခဲ့ကြောင်း လယ်ဇင်ရွာဒေသခံများထံမှ သိရသည်။


Lu Nge Khit

လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ် လယ်ဇင်ရွာ PDF စခန်း ဝင်စီးခံရပြီး  ရွာသား ၆ ဦးကိုဖမ်းဆီးကာ လူ ၂ ဦး ကို ပစ်သတ် Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.