ပခုက္ကူ၊ ဇန်နဝါရီ ၆၊ ၂၀၂၂။
ပခုက္ကူမြို့၊ မြို့ရှောင်လမ်း ခြံတခြံတွင် ရဲနှင့် လုံခြုံရေးယူဆောင်၍ (တိုင်းမှူး)အပါအဝင် လောင်းကစား ပြုလုပ်နေကြောင်း တိုင်တန်းလာ၍ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Earthquake People's Defence Force အဖွဲ့ထံကသိရသည်။
သတင်းများအရ ဇန်နဝါရီလ ၅ ရက်နေ့ ၃ နာရီက PDF ၂ ဖွဲ့ပူးပေါင်း၍ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး လူများလွတ်မြောက်သွားသော်လည်း ငွေနှင့် ပစ္စည်းများ သိးမ်ဆည်းရမိိခဲ့ကြောင်း သိရသည်။
"အဲဒီလောင်းကစားဝိုင်းကို သတင်းထောက်နေတာကြာပါပြီ၊ စစ်ခွေးတွေကော ရဲခွေးတွေကော ကင်းစောင့်ပေးတာလည်းကြားထားတယ်၊ မနေ့က ရဲ ၁ ယောက်ပါသုတ်သင်ခဲ့ဖို့ပါပဲ၊ မသေချာဘူးလို့ သတင်းပေးတဲ့လူကပြောလို့ မလုပ်ခဲ့ရတာဗျာ၊ တိုင်းပြည် ချောက်ထဲ ကျနေချိန်မှာလောင်းကစားဝိုင်းတွေ ပြုလုပ်ခြင်းအား ကျနော်တို့အနေနဲ့ (လုံးဝ)လက်ခံမှာမဟုတ်ဘူး ရဲကလွဲပြီး ကျန်တဲ့သူတွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိပါဘူး" ဟု EPDF တာဝန်ခံအရှည်ကြီး ကမြေလတ်အသံကို ပြောသည်။
ဖမ်းဆီးရာတွင် YoungForce(UG) နှင့် Earthquake People's defence Force တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ပြီး၊ သိမ်းဆည်းရမိငွေကြေးနှင့် ပစ္စည်းများကို တော်လှန်ရေးအဖွဲများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
ယခင်ကလည်း လောင်းကစားဝိုင်းတဝိုင်းကို ဖမ်းဆီးခဲ့ပြီး ယခုတကြိမ်ဖမ်းဆီးရမိမှုတွင် ငွေ ၂၆ သိန်းနဲ့ ကားသော့များ သိမ်းဆည်းရမိပြီး ရဲဘော်များအနေဖြင့် ဘေးကင်းရာဌာနချုပ်များဆီသို့ ပြန်လည်ရောက်ရှိ ပြီဖြစ်ကြောင်း သိရသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment