ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF နှစ်ခုပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ
တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၃၀
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရလိုင်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်က တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန့ပါတယ်။
Launglone People Defence Force ( LPDF ) နဲ့ Dawei Guerrilla Revolution Force ( DGRF ) တို့ အတူပူးပေါင်းပြီး မနက် ၃ နာရီ ၂၀ မိနစ်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၂၀ ဝန်းကျင်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က တစ်ဦးသေ တစ်ဦးဒဏ်ရာပြင်းထန်ပြီး PDF တွေဘက်ကတော့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
The Tanintharyi Times
ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF နှစ်ခုပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေ
Reviewed by THITHTOOLWIN
on
22:16
Rating:
No comments:
Post a Comment