မုံရွာတွင် PDF စခန်းတစ်ခုမီးရှို့ခံရကာ စစ်တပ်က အမျိုးသား၄ဦးကို သေနတ်ဖြင့်ပစ်သ တ်၍ ၅ဦးအရှင်ဖမ်းဆီး


ဇန်နဝါရီ၁၈ ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ဇန်နဝါရီ၁၇ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသား၄ဦးကို သေနတ်ဖြင့် ဦးခေါင်းတေ့ပစ်သတ်၍ ၅ဦးအရှင်ဖမ်းဆီးခံရကြောင်းသိရသည်။  

စစ်တပ်ကို လယ်ဇင်စံပြကျေးရွာကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် PDFစခန်းတစ်ခုကို မီးရှို့ဖျက်ဆီးကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။

လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ တဲနှစ်ခုကို မီးရှို့ဖျက်ဆီး၍  နိဗ္ဗာန်ကျောင်း မှဘုန်းကြီးကျောင်းကားတစ်စီးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ယူဆောင်သွားကြောင်း သိရသည်။ 

သေဆုံးသူများမှာ လူငယ်လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး လက်ရှိအချိန်ထိ မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ ဒေသခံများကို ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်သည်။


Chindwin Yoma Media

မုံရွာတွင် PDF စခန်းတစ်ခုမီးရှို့ခံရကာ စစ်တပ်က အမျိုးသား၄ဦးကို သေနတ်ဖြင့်ပစ်သ တ်၍ ၅ဦးအရှင်ဖမ်းဆီး မုံရွာတွင် PDF စခန်းတစ်ခုမီးရှို့ခံရကာ စစ်တပ်က အမျိုးသား၄ဦးကို သေနတ်ဖြင့်ပစ်သ တ်၍ ၅ဦးအရှင်ဖမ်းဆီး Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.