ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်၊အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး
ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေအကြား ဇန်နဝါရီလ ၇ ရက်နေ့က တစ်နေကုန်နီးပါး
အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တာပါ။
အဲဒီတိုက်ပွဲကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊Hero Tiger တပ်ဖွဲ့အပါအဝင် ခရိုင်မဟာမိတ်(PDF)တွေနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကိုတိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းတစ်လျှောက်ကို သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့အတွက် ထိပ်တိုက်တိုက်ပွဲဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ခရိုင်ပူးပေါင်းPDFတပ်ဖွဲ့ဝင်တွေက စစ်ရေးအရ အသာစီးရယူခဲ့ပြီး မိုင်းတွေအပါအဝင် အခြားသောစက်လက်နက်ပစ္စည်းများနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့ကြတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးသလို ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိခဲ့ပြန်ပါသေးတယ်။
ဒါ့အပြင် ယင်းမာပင်မြို့အရှေ့ဘက် ကောင်းဆင့်ကျေးရွာက စိတ်မနှံ့နဲ့အမျိုးသားတစ်ဉီးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပြီး လူနေအိမ်နဲ့အတူ တွဲကာ မီးရှို့သွားခဲ့ပါသေးတယ်။
ဒီကနေ့ တိုက်ပွဲမှာတော့ ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို ယင်းမာပင်မြို့နယ်မှာ စစ်ရေးတင်းမာလျှက်ရှိနေပါတယ်။
မျက်မှောက်ခေတ်
No comments:
Post a Comment