မုံရွာ - မန္တလေးလမ်းမကြီးအပေါ် ညပိုင်းများတွင် ကျန်းမာရေးကိစ္စက လွဲ၍ သွားလာခြင်းမပြုလုပ်ရန် PDF က မေတ္တာရပ်ခံ


စစ်ကိုင်းတိုင်း၊ မုံရွာ - မန္တလေးလမ်းမကြီးအား ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့မှစပြီး တော်လှန်ရေးအောင်မြင်သည်အထိ ကျန်းမာရေးနှင့် ပတ်သက်သော အရေးကြီးကိစ္စရပ်များမှလွဲ၍ ည(၈)နာရီမှ မနက်(၄)နာရီအတွင်း အသုံးပြုကြခြင်းကို ရှောင်ရှားပေးကြရန် PDF South Monywa က သတင်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များကြောင့် မဖြစ်မနေ မုံရွာ - မန္တလေးလမ်းမကြီးအား အသုံးပြုမည်ဆိုပါက မည်သည့်ကားမဆို ကားမှန်များချ၍ အမြန်မမောင်းဘဲ သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်သွားလာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

မုံရွာ - မန္တလေးလမ်းမကြီးအား အသုံးပြုခြင်းဆိုသည်မှာ ကားများသာမက ဆိုင်ကယ်၊ ခြေလျင် အစရှိသည့် ခရီးသွားလာသော မည်သူမဆိုကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုသည်။


Tachileik News Agency

မုံရွာ - မန္တလေးလမ်းမကြီးအပေါ် ညပိုင်းများတွင် ကျန်းမာရေးကိစ္စက လွဲ၍ သွားလာခြင်းမပြုလုပ်ရန် PDF က မေတ္တာရပ်ခံ မုံရွာ - မန္တလေးလမ်းမကြီးအပေါ် ညပိုင်းများတွင် ကျန်းမာရေးကိစ္စက လွဲ၍ သွားလာခြင်းမပြုလုပ်ရန် PDF က မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 01:20 Rating: 5

No comments:

Powered by Blogger.