ကပစ(၁၉)သို့ သွယ်တန်းထားသည့် ဓာတ်တိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်PDF ထုတ်ပြန် -ပြည်သူများစစ်​ကောင်စီကိုမီတာမ​ဆောင်ရန်​မေတ္တာရပ်ခံ


ပဲခူးတိုင်းပြည်မြို့နယ်ရှိစစ်ကောင်စီတပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၉) သို့သွယ်တန်းထားသောလျှပ်စစ် ဓာတ်အားတိုင်အားဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကထုတ်ပြန်သည်။

ဇန်နဝါရီ ၂၂ရက် ညနေပိုင်းတွင်ကပစ (၁၉) သို့သွယ်တန်းထားသည့် ပျဉ်းမအိုင်ရွာ နှင့်မိန်းမရဲရွာကြားရှိ လျှပ်စစ်မီးတိုင်အား ပြည် PDF၏  တပ်ခွဲတခုဖြစ်သော People Shadow Ranger (PSR) က  ဖေါက်ခွဲဖျက် ဆီးခဲ့သည်ဟု ဖော်ပြသည်။

 ပြည် PDF အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအား နည်းလမ်းအသွယ်သွယ်ဖြင့်ဟန့်တားဖြတ်တောက်လျှက်ရှိကြောင်း၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီအား အထောက်အကူဖြစ်စေသော မီတာခအားမပေးဆောင်ရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။  

စစ်ကောင်စီအားမီတာခပေးဆောင်ခြင်းအားအပြင်းအထန်ရှုံချကြောင်းနှင့်    မီတာခ ပေးဆောင်ရန် လိုက်လံနှိုးဆော်သော လူ အဖွဲ့အစည်းများအနေဖြင့် ရပ်တန်းကရပ်ရန်ပြင်းထန်စွာသတိပေးကြောင်း ဖော်ပြထားသည်။

ရှေ့ဆက်၍ ယခုထက်ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် စစ်အာဏာရှင်အား ထောက်ပံ့ပေးလျှက်ရှိသည့် ရေသောက်မြစ်များအား ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြည် PDFက  ထုတ်ပြန်သည်။


People's Spring 

ကပစ(၁၉)သို့ သွယ်တန်းထားသည့် ဓာတ်တိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်PDF ထုတ်ပြန် -ပြည်သူများစစ်​ကောင်စီကိုမီတာမ​ဆောင်ရန်​မေတ္တာရပ်ခံ ကပစ(၁၉)သို့ သွယ်တန်းထားသည့် ဓာတ်တိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ဟု ပြည်PDF ထုတ်ပြန်  -ပြည်သူများစစ်​ကောင်စီကိုမီတာမ​ဆောင်ရန်​မေတ္တာရပ်ခံ Reviewed by THITHTOOLWIN on 01:18 Rating: 5

No comments:

Powered by Blogger.