၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF


RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကောင်စီတပ်ကို နယ်မြေအတွင်း ရောက်လာပါက လက်လုပ်သေနတ်၊ မိုင်းများဖြင့်သာ တိုက်ခိုက်နေရသည်မှာ (၉) လအထိ ကြာမြင့်သော်လည်း သေနတ်အစစ်မရှိကြောင်း ချင်းတွင်း PDF က ပြောကြားလာသည်။

စစ်ကိုင်းတိုင်း တိုက်ပွဲအစဟု ပြောရလောက်သည့် ယင်းမာပင်မြို့နယ် သပြေအေး ဘုန်းတော်ကြီးကျောင်း စစ်ကောင်စီတပ် ဝိုင်းစဉ်ကတည်းက ရရာလက်နက်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်း မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် စစ်ကောင်စီကို ခုခံတွန်းလှန်မည့်သူများ ပေါ်ပေါက်နေသာ်လည်း သေနတ်အစစ် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ‌ရှိနေကြောင်း သိရသည်။ 

ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် ( Chindwin People's Defense Force) သည် ကနီမြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်က PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုအပါအဝင် လူသိနည်းနေသည့်အဖွဲ့ဖြစ်သည့်အတွက် ပြည်သူများ၏ အကူအညီရရှိမှု နည်းပါးနေကြောင်း သိရသည်။ 

" စစ်ကိုင်းတိုင်းကတော့ စစ်ကောင်စီတပ်အတွက် အတော်အထိနာတယ် ပြောရမယ်၊ လက်လုပ်မိုင်းတွေကလဲ ပေါမှပေါ၊ သေနတ်အစစ်ကတော့ရှားတယ်၊ အဖွဲ့တွေကလည်း အများကြီး ရွာတိုင်းနီးပါးပဲ စစ်ကြောင်းရောက်လာရင် ပြေးနိုင်မှလွှတ်မှာ ပြန်ချတဲ့သူကချပေါ့၊ အခုဆို ကျေးရွာကာကွယ်ရေး အဖွဲ့တွေ အများကြီးဖြစ်လာပြီ မရှိ ရှိတာနဲ့ ချရတော့ ကြာတာပေါ့၊ လက်နက်သာရရင် ပိုမြန်မယ်၊ တချို့ ကွင်းပြင်ကြီးတွေ စပါးခင်းတွေမှာ ဝပ်ပြီး အသေခံ မိုင်းခွဲကြရတာ" ဟု ‌ဒေသခံ တဦးက ပြောသည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် အထိနာပြီး လေကြောင်း အသုံးပြုမှု ယခုတပတ်အတွင်း များလာကြောင်း၊ ဒေသခံ PDF များ၏ လုံခြုံးရေးအကူအညီဖြင့် လမ်းပေါ်ထွက်လာသည့် ဆန္ဒပြပွဲများ ကျေးရွာများအတွင်း ပြုလုပ်လာကြကောင်း၊ စစ်ကောင်စီတပ် အရောက်မလာနိုင်သည့် နယ်မြေတချို့ပါရှိနေပြီဖြစ်ကြောင်း သိရသည်။ 

Photo:  Chindwin PDF 

Red News Agency 

၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF ၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF Reviewed by THITHTOOLWIN on 06:55 Rating: 5

No comments:

Powered by Blogger.