စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင်ဘုတလင်အခြေစိုက် မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှရဲဘော်တစ်ဦးပြည်သူနှင့် နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။
ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂နာရီခန့်က ဘုတလင်မြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်ကပစ်လိုက်သောလက်နက်ကြီးကျည်ထိမှန်ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ညီညီကျဆုံးခဲ့ခြင်းဖြစ်သည်။
"ဘုတလင်စခန်းကနေ အနောက်ကိုထွက်လာတဲ့ စစ်အုပ်စုကိုမိုင်းဆွဲခဲ့တာပါ။ သူတို့ဘက်က ၅ယောက်ကျ နဲ့ဒဏ်ရာရသူများရှိပါတယ်။"ဟု မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မဟာမိတ်အဖွဲ့မှ ရဲဘော်ညီညီကျဆုံးကြောင်းသိရသည့်အတွက်မိသားစုနဲ့အတူ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ အာဏာရှင်စနစ်ကိုတွန်းလှန်ရင်း တိုင်းပြည်အတွက်အသက်ပေးခဲ့သော ရဲဘော်ညီညီသည် တာဝန်ကျေခဲ့ကြောင်း၊ ရဲဘော်ညီညီအတွက် မိသားစု တိုင်းသူပြည်သားများနှင့်အတူ အထူးပင်ဝမ်းနည်းကြေကွဲမိကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)က ထုတ်ပြန်သည်။
ဇန်နဝါရီ ၁၁ ရက် ညပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲကာ ခုခံတိုက်ခိုက်ရန် ရဲဘော်ပီကေတို့နှစ်ဦး ပြင်ဆင်နေချိန် ကားတစ်စီးလာ၍ လမ်းပေါ်မှ ပြေးဆင်းစဥ် မတော်တဆပေါက်ကွဲကာ တပ်ဖွဲ့မှ ရဲဘော်ပီကေ ဦးခေါင်းထိမှန်၍ ကျဆုံးခဲ့ရသေးသည်။
ဇန်နဝါရီ၁၁ရက် ည၁၂နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်များရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။
People's Spring
No comments:
Post a Comment