ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်


မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အမှတ်(၆၁)ခြေလျင်တပ်ကို ရေးပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ(၈)ရက်၊ နေ့လည်(၁၂)နာရီ(၂၈)မိနစ်အချိန်က  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း  ရေး PDF က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား သေဆုံး၊ ထိခိုက်မှုကို အတည်မပြုနိုင်ခဲ့‌သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်သားများက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ကြခြင်း ဖြစ်၍ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းကလည်း ရေးမြို့နယ်ရဲစခန်းကို ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ရာ ပေါက်ကွဲမှု မဖြစ်ခဲ့၍ အမှတ်(၆၁)ခြေလျင်တပ်၏ တပ်ရင်းဂိတ်ပေါက်ကို ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Tachileik News Agency

ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခလရ (၆၁)တပ်ကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက် Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.