PDF တွေ ပုလဲမြို့မရဲစခန်းကို ‌လက်နက်ကြီးနဲ့စမ်းသပ်ပစ်ကြည့်

ပုလဲ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို ဇန်နဝါရီ ၁၂ ရက် မနေ့ကည ၁၁ နာရီလောက်က PDF ၄ ဖွဲ့ပေါင်းပြီး တာဝေးပစ်ဒုံးနဲ့ စမ်းသပ်ပြီး ပစ်ခတ်ခဲ့တယ်လို့  ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဆီကပြောပါတယ်။ 

“ ကျနော်တို့ပစ်တာကတော့ ၄ လုံးပစ်တာဗျ၊ ရဲစခန်းအနောက်ဘက် ၁ မိုင်ခန့်အကွာကာနေပစ်တာ၊ ကျနော်တို့ထုတ်လုပ်ထားတဲ့ လက်လုပ်တာဝေးပစ်လက်နက်ကို စမ်းသပ်တဲ့သဘောနဲ့ သွားပစ်တာပါ၊ ခုအချိန်အထိသတင်းအရဆိုရင် လိုင်းခန်းနဲ့ ခန်းမဆောင်ကြားထဲမှာ ကျကွဲတယ်လို့သိရတယ်၊ “ လို့ သစ်နက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ တဦးကပြောပါတယ်။ 

PRA တပ်ခွဲ ၆၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ ပုလဲလွင်ပြင်ဒေသအင်အားစု၊ တောင်ပေါ်ပုဏ္ဏကတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူရှိမရှိကိုတော့ မြေလတ်အသံကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် ကလည်း မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး  ပုလဲမြို့နယ်၊ ကန်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့လို့ စစ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 



PDF တွေ ပုလဲမြို့မရဲစခန်းကို ‌လက်နက်ကြီးနဲ့စမ်းသပ်ပစ်ကြည့် PDF တွေ ပုလဲမြို့မရဲစခန်းကို ‌လက်နက်ကြီးနဲ့စမ်းသပ်ပစ်ကြည့် Reviewed by THITHTOOLWIN on 09:52 Rating: 5

No comments:

Powered by Blogger.