တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲ သုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၁ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ရွာအုပ်စုက ကျားခေါင်းတောင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒီနေ့ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေအသုံးပြုပြီးပစ်ခတ်ခဲ့ပေမယ့် ဘက်မလိုက်ပြောက်ကျားအဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ 

ဇန်နဝါရီလ ၁၀ ရက်ကလည်း တကူရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ 

The Tanintharyi Times

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲ သုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ PDF တွေ တိုက်ပွဲ သုံးကြိမ်ဖြစ်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ Reviewed by THITHTOOLWIN on 04:54 Rating: 5

No comments:

Powered by Blogger.