ဇန်နဝါရီ ၆ ရက်၊ ဆော
မကွေးတိုင်း ဆောမြို့နယ် PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က (၂၂)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် မေလကနေ နိုဝင်ဘာလအထိ တိုက်ပွဲမှာ သေဆုံးခဲ့သူတွေဖြစ်ပြီး ဆော PDF ဘက်ကတော့ ၃ ဦး ကျဆုံးခဲ့တယ်လို့ ဆော PDF က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF)က ဆော PDF နဲ့ ၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပြီး LSRPDF၊ မင်းတပ်၊ ကန်ပက်လက် CDF, YDF (Saw & Kyaukhtu)၊ ကျောက်ထု PDF တို့က တစ်ကြိမ်စီ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၉ ရက်က တိုက်ပွဲမှာ စစ်တပ်ဘက်က Mi35 အပါအဝင် လေကြောင်းပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
ဆော PDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က (၂၂)ဦး သေ
Reviewed by THITHTOOLWIN
on
23:46
Rating:
No comments:
Post a Comment