PDF အယောင်ဆောင်ကာ မန္တလေးမြို့မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေ


ဓာတ်ပုံ၊ ROM 

 ဇန်နဝါရီ - ၁၅ 

နွေဦးတော်လှန်ရေးကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ပေါ်ပေါက်လာသည့် People's Defence Force – PDF အဖွဲ့အဖြစ် အယောင်ဆောင်ကာ မန္တလေးမြို့ပေါ်မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေကြောင်း မန္တလေးအခြေစိုက် ပျောက်ကြားတပ်ဖွဲ့တစ်ခုဖြစ်သည့် Rangers of Mandalay က ယနေ့ ထုတ်ပြန်သည်။ 

၎င်းတို့ ရရှိထားသည့် သက်သေအထောက်အထား ဓာတ်ပုံနှစ်ခုနှင့်အတူ ဖြစ်စဉ်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

" ဒီပုံထဲက ငွေညှစ်တဲ့အချက်အလက်တွေဟာ ကျွန်တော်တို့ဆီ လာတိုင်တဲ့ပြည်သူတွေ ပို့ပေးတဲ့ info တွေဖြစ်ပါတယ်။ ပြည်သူ့ဘက်တော်သား PDF များကဒီလို အကျဉ်းတန်ရုပ်ဆိုးတဲ့ ငွေညှစ်မှုမျိုး မည်သို့သောအခါမှ လုပ်မည်မဟုတ်ကြောင်း ပြည်သူများအား ရိုသေစွာအသိပေးအပ်ပါတယ် " ဟု Rangers of Mandalay က ဆိုသည်။ 

လက်ရှိတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အလှူခံ၍ ရပ်တည်မှုများရှိသော်လည်း ပြည်သူလူထုဆီမှ ဆတ်ကြေးကောက်ရပ်တည်ခြင်း၊ ချိန်းခြောက်ငွေတောင်းခံခြင်းကို မည်သည့်ကာကွယ်ရေးအဖွဲ့အစည်းမှ မလုပ်ဆောင်ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် Pale Joker PDF က ဗိုလ်ပုလဲက ဆိုသည်။ 

" ပြည်သူ့ဘက်တော်သား PDF များကို ပုံရိပ်ဖျက်စီးလိုသောအားဖြင့် ငွေညှစ်နေသော မသမာသူအောက်တန်းစားများအား ROM နှင့် မဟာမိတ်ညီကိုများမှ ရှုံ့ချပြီး ပြင်းထန်စွာသတိပေးသည် " ဟုလည်း Rangers of Mandalay က ဖော်ပြထားသည်။ 


Mandalay Free Press - MFP

PDF အယောင်ဆောင်ကာ မန္တလေးမြို့မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေ PDF အယောင်ဆောင်ကာ မန္တလေးမြို့မှ ဘီယာဆိုင်အချို့ထံ ငွေလွှဲခိုင်းမှုများ ရှိနေ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.