မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ PDF ၄ဖွဲ့က မြို့အနှံ့ တရက်တည်း ဗုံး၂၅လုံးဖောက်ခွဲ


မုံရွာ၊ ဇန်နဝါရီ၂၇၊ ၂၀၂၂။

မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ ဒီနေ့မနက် ၉နာရီဝန်းကျင်လောက်ကစပြီး ည ၈နာရီခွဲလောက်အထိ မုံရွာမြို့က ၁၂နေရာ နီးပါးကို ဗုံး ၂၅ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ACF Monywa အဖွဲ့တာဝန်ခံဆီက သိရပါတယ်။

အဲ့ဒီနေရာတွေထဲမှာ EPC ရုံးနဲ့ မိုင်တဲ တာဝါတိုင်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေရှိတဲ့ နေရာတွေမှာ ဖောက်ခွဲခဲ့တာလို့ ACF Monywa အဖွဲ့တာဝန်ခံက ပြောပါတယ်။

"ခွေးများက အရပ်သားများဟန်ဆောင်ပြီး နေရာအသီးသီးမှာ လက်နက်များလွယ်ပြီးစောင့်နေဒါပါ" လို့ ပြောပါတယ်။

ဘုရားနီ ၁လုံး၊ မြိုပတ်လမ်း ၁လုံး၊ ရန်ကင်း၁လုံး၊ အဗန့် ချေးငွေလုပ်ငန်း ၂လုံး၊ တောင်သုဿန် အနီး နွားခြံကုံး ၁လုံး၊ အေးရိပ်သာတောင်ဘတ်၂လုံး၊ ဗိုလ်တေဇလမ်းဘတ် ၂လုံး ၊ ဗိုလ်တေဇလမ်း MyTel တာဝါတိုင် ၃လုံး စက်များထိခိုက်၊ နန္ဒဝန် ရဲစခန်း ၁လုံး ကျောင်းထဲပစ်ထည့်၊ မြဝတီနောက်ကြားကနေ ၁လုံးစက်မူဇုံ ခမ်းမ ပတ်ချာ ၄လုံး၊ နန္ဒဝန် EPC ၃လုံးနဲ့ စသုံးလုံးရုံး ၁လုံး လို့ ‌ရေးပြီး ဖောက်ခွဲခဲ့တဲ့ နေရာတွေကို ထုတ်ပြန်ထားပါတယ်။

ACF Monywa| Monywa Nightking|  Monywa Ninja Team၊ Monywa phoenix warrior စတဲ့ မုံရွာမြို့က အဖွဲ့တွေ ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းကိုတော့  Monywa phoenix warrior  က ထောက်ပံ့တာလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ PDF ၄ဖွဲ့က မြို့အနှံ့ တရက်တည်း ဗုံး၂၅လုံးဖောက်ခွဲ မုံရွာမြို့နယ်က ရွာတရွာကို စစ်ကောင်စီမီးရှို့နေလို့ PDF ၄ဖွဲ့က မြို့အနှံ့ တရက်တည်း ဗုံး၂၅လုံးဖောက်ခွဲ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.