တမူး-ကလေး ကားလမ်း ည ၆ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF Tamu သတိပေး


ယခုအချိန်အခါသည် ကလေး-တမူး အာရှလမ်းမကြီးပေါ်တွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်အာဏာရှင်လက်အောက်ခံ စကစတပ်ဖွဲ့ဝင်များကြား စစ်ရေးလှုပ်ရှားမှုများနှင့် ထိတွေ့တိုက်ပွဲများ

အချိန်အခါမရွေးဖြစ်ပွားလျှက်ရှိနေပါသောကြောင့် မိဘပြည်သူများ အသက်အန္တရာယ် လုံခြုံရေးအရ မှားယွင်း

ပစ်ခတ် တိုက်ခိုက်မှုမဖြစ်ပွားစေရန် ခရီးသွားလာခြင်းအား (၂၀.၁.၂၀၂၂) နေ့မှ စ၍ ညနေ (၆) နာရီမှ နံနက် (၅)နာရီအထိ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန်နှင့် ထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်း

သွားလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက်အန္တရာယ်နှင့် ပြဿနာအကျိုးဆက်များကို မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တမူး တပ်ရင်း (၃) မှ လုံးဝ (လုံးဝ) တာဝန်ယူဖြေရှင်းမည် မဟုတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မှတ်ချက်။ ။ ဤအသိပေးကြေညာချက်သည် နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ ပြောင်းလဲထုတ်ပြန်မှုမရှိမခြင်း အကျုံးဝင်သည်။


Zalen

တမူး-ကလေး ကားလမ်း ည ၆ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF Tamu သတိပေး တမူး-ကလေး ကားလမ်း ည ၆ နာရီကနေ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF Tamu သတိပေး Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.