မကွေးတိုင်း ကံမမြို့နယ်ရှိ PDF စခန်းငယ်အား စီးနင်းတိုက်ခိုက်ခံရ၍ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ


( ဇန်နဝါရီလ ၁၅ ရက် )

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်နှင့် ၃၃ မိုင်ခန့်အကွာရှိ ကံမ PDF စခန်းငယ် တစ်ခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ဝင်ရောက်စီနင်းတိုက်ခိုက်ခံရ၍ PDF အဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်စီနင်းမှုကြောင့် နှစ်ဖက် ပစ်ခတ် တိုက်ပွဲ ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့အတွက် PDF အဖွဲ့ကစခန်းငယ်အားစွန့်ခွာသွားခဲ့ရပြီး လက်လုပ်သေနတ် လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းအချို့ကို ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်းသိရှိရပါသည်။


HTY Information

မကွေးတိုင်း ကံမမြို့နယ်ရှိ PDF စခန်းငယ်အား စီးနင်းတိုက်ခိုက်ခံရ၍ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ မကွေးတိုင်း ကံမမြို့နယ်ရှိ PDF စခန်းငယ်အား စီးနင်းတိုက်ခိုက်ခံရ၍ PDF တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံခဲ့ရ Reviewed by THITHTOOLWIN on 19:12 Rating: 5

No comments:

Powered by Blogger.