PDF အယောင်ဆောင်သော ခိုးဆိုးလှုနှိုက်တစ်ဦးအား Monywa NightKing အဖွဲ့မှ ထိုက်သင့်သောပြစ်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ကြေညာ


ဇန်နဝါရီ၂၀၊ မုံရွာ 

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အသက်အန္တရာယ်ရန်ရှာနေသော ခိုးဆိုးလှုနှိုက်တစ်ဦးကို ယနေ့နံနက် ၈နာရီဝန်းကျင်ခန့်က သုတ်သင်ရှင်းလင်းလိုက်ကြောင်း Monywa NightKing တပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်တို့ကို ခိုးဆိုးလှုနှိုက်ယုံသာမက သက်သေများဖြင့် စစ်ဆေးကာ ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရ၍ သုတ်သင်ရှင်းလင်းလိုက်ကြောင်း Monywa NightKing အဖွဲ့ တာဝန်ရှိသူတစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။ 

"ဒီမနက်၈နာရီလောက်မှာရှင်းလိုက်တာ၊ညကတည်းကဖမ်းဆီးထားတာ၊စစ်ဆေးမေးမြန်းပြီး သက်သေခိုင်လုံတာရယ် နောက်ပြီး PDFအယောင်ဆောင်ထားတာရယ် သက်သေခိုင်လုံလို့ ခုလိုရှင်းပစ်လိုက်တာပါ"ဟု ဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အယောင်ဆောင်ကာ ပြည်သူတို့ကိုအနိုင်ကျင့်နေမှုများပြုလုပ်နေသူများကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု သိရှိရပါသည်။


Chindwin Yoma Media

PDF အယောင်ဆောင်သော ခိုးဆိုးလှုနှိုက်တစ်ဦးအား Monywa NightKing အဖွဲ့မှ ထိုက်သင့်သောပြစ်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ကြေညာ PDF အယောင်ဆောင်သော ခိုးဆိုးလှုနှိုက်တစ်ဦးအား Monywa NightKing အဖွဲ့မှ ထိုက်သင့်သောပြစ်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ကြေညာ Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.