ရွှေကူတွင် စစ်ကောင်စီတပ်အချို့ကို မြို့လှ PDF နှင့် KIA ပူးပေါင်းတပ် တိုက်ခိုက်၊ သေဆုံးထိခိုက်မှု အများအပြားရှိ
ဓာတ်ပုံ -မြို့လှ PDF တပ်ဖွဲ့ |
ရွှေကူ၊ ဇန်နဝါရီ ၉
ရွှေကူမြို့နယ် ပိန်းခွံဘက်မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်က ရွှေငြိမ်းချမ်းရွာအနီးတွင် မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်က ကြိုးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြို့လှ PDF က ယနေ့ ထုတ်ပြန်သည်။
ထို့ပြင် ယင်းနေ့ညနေပိုင်းကလည်း မင်းကျောင်းကုန်း မှ ချီတက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်ကို သာယာကုန်းရွာအနီးတွင် မြို့လှ PDF မှ မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်တို့သည် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Lu Nge Khit
ရွှေကူတွင် စစ်ကောင်စီတပ်အချို့ကို မြို့လှ PDF နှင့် KIA ပူးပေါင်းတပ် တိုက်ခိုက်၊ သေဆုံးထိခိုက်မှု အများအပြားရှိ
Reviewed by THITHTOOLWIN
on
01:00
Rating:
No comments:
Post a Comment