ဒီးမော့ဆို၊ ဇန်နဝါရီ ၈၊ ၂၀၂၂။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ(၁၀၈)တပ်ရင်းမှ တပ်ကြပ်ကြီးတဦး ပြည်သူ့ ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO-PDF)ထံ CDM ပြုလုပ်လာကြောင်း အဲဒီ့အဖွဲ့ထံကသိရပါတယ်။
ဇန်နဝါရီလ (၅) ရက်နေ့ ညနေ ၂ နာရီခန့်က ဆက်သွယ်လာကာ တပ်မတော်ထုတ် MA-1 သေနတ်တလက်နဲ့အတူ ဝင်ရောက်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
"လက်နက်အပြည်အစုံနဲ့ဝင်ရောက်လာတာ၊ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်တော့လို့ ကျနော်က CDM ဝင်ချင်လို့ပါဆိုလို့ လက်ခံလိုက်တယ်လေ၊ တပ်ကြပ်ကြီး တဦးပါ၊ ပြည်သူတွေနဲ့ပူးပေါင်းချင်လို့ပါလို့လဲပြောတယ်၊" လို့ သူက ဆက်ပြောပါတယ်။
အဆိုပါတပ်ကြပ်ကြီးကို လုံခြုံရာ လွတ်မြောက်နယ်မြေကို ဇန်နဝါရီလ ၇ ရက်နေ့က ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment