PDA(Zomi)မှ ဒေသခံပြည်သူများကို အ‌စာရေစာပြတမတောက်နိင်ပါသဖြင့် ကြိုတင်သိုလှောင်စုဆောင်းကြရန် သတင်းထုတ်ပြန်


Date: 16.01.2022 (PDA ထုတ်ပြန်ချက်) 

ပြည်သူ့ကာကွယ်ရေးတပ် (People Defence Army-Tedim) သည် ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ် စစ်အာဏာရှင်က မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ကို အဓမ္မသိမ်းယူပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မတရားသိမ်းပိုက်လုယူသတ်ဖြတ်နေသော လူ့စိတ်မရှိသည့် စစ်ကောင်စီရန်မှ ကာကွယ်ရန်နှင့် စစ်မှန်သောဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ မှစ၍ စစ်ကိုင်းတိုင်း၊ ကလေးနှင့် ချင်းပြည်နယ် (မြောက်ပိုင်း) ကုန်ကူးသန်း လမ်းမကြီးရှိ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထေးဇန်ကျေးရွာနှင့် ဟိန်ဇိန်ကျေးရွာကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကြား စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ဤစစ်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တံ့သွားသဖြင့် တီးတိန်မြို့နယ်နှင့် အခြားဒေသများတွင် ကုန်‌ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်။ 

သို့ဖြစ်ပါ၍ ဒေသခံပြည်သူများအနေဖြင့် အစာရေစာပြက်တောက်နိုင်ပါသဖြင့် ကြိုတင်သိုလှောင်ထားရှိကြရန်နှင့် ကုန်ကူးသန်းရောင်းဝယ်သူများအနေဖြင့် ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပါရန် အသိပေးကြေညာအပ်ပါသည်။ ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တင် ရောင်းချကိုယ်ကျိုးစီးပွားရှာနေသူများ ရှိနိုင်သဖြင့် သိရှိပါက ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

PDA(Zomi)မှ ဒေသခံပြည်သူများကို အ‌စာရေစာပြတမတောက်နိင်ပါသဖြင့် ကြိုတင်သိုလှောင်စုဆောင်းကြရန် သတင်းထုတ်ပြန် PDA(Zomi)မှ ဒေသခံပြည်သူများကို အ‌စာရေစာပြတမတောက်နိင်ပါသဖြင့် ကြိုတင်သိုလှောင်စုဆောင်းကြရန် သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.