ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှင်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ရက် နံနက် ၃နာရီ ၄၅ မိနစ်ခန့်တွင် ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနက် ၇နာရီ ၂၅ မိနစ်တွင် ပင်လည်ဘူး ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းချရာ ရိပ်သာကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်ဟု ကာကွယ်​ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ညတွင်ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၁ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို​နေ့ကတိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိ့နာသဖြင့် ​စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှုများပင်ပြုလုပ်ခဲ့ရ​ကြောင်း​​ဒေသခံအချို့က ​ပြောသည်။

People's Spring 

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှင်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန် ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှင်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန် Reviewed by THITHTOOLWIN on 09:36 Rating: 5

No comments:

Powered by Blogger.